“က”လိုင်စင် ဆိုင်ကယ်မောင်းလိုင်စင်

“က”မော်တော်ဆိုင်ကယ်လိုင်စင်အသစ်ပြုလုပ်လိုပါက တာဝန်ယူဆောင်ရွက်ပေးပါသည်။

(ရှေ့မျက်နှာ)

(ကျောဘက်)

လိုင်စင်အမျိုးအစား – “က”လိုင်စင်

လိုင်စင်သက်တမ်း – ၅ နှစ်

လိုင်စင်ကဒ်အမျိုးအစား – ပလပ်စတစ်လောင်းထားသောစက္ကူကဒ်

အသုံးပြုဘာသာစကား – မြန်မာဘာသာ

မောင်းနှင်ခွင့်ပြုသည့်ယာဉ်အမျိုးအစား – မှတ်ပုံတင်ထားသော မော်တော်ဆိုင်ကယ်အားလုံး

လိုင်စင်ထုတ်ပေးသည့်ဌာန – ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန

“က”လိုင်စင်လျှောက်ထားရာတွင် လိုအပ်ချက်များ

  • အသက်(၁၈)နှစ် ပြည့်ပြီးဖြစ်ရမည်။
  • မှတ်ပုံတင်မူရင်းတင်ပြရမည်။
  • မှတ်ပုံတင်မိတ္ထူ(၃)စောင် ပေးအပ်ရမည်။
  • လိုင်စင်ဓာတ်ပုံ(အပြာခံ)(၆)ပုံ ပေးအပ်ရမည်။
  • မိမိနေထိုင်ရာနေရပ်လိုင်စင်အပြည့်အစုံ ဖော်ပြရမည်။

ယာဉ်မောင်းလိုင်စင်ကုန်ကျငွေ – လိုင်စင်အခွန်အခပြောင်းလဲမှုရှိတတ်ပါသဖြင့် ဖော်ပြထားခြင်းမရှိပါ။
ယာဉ်မောင်းလိုင်စင်ကူးပြောင်းခွင့် – က.ည.နရုံး၌ “ခ”ယာဉ်မောင်းလိုင်စင်ကူးပြောင်းရာတွင် ထုတ်ပေးသည့်နေ့မှ (၃)လပြည့်ပြီးလျှင် လိုင်စင်ဖြေဆိုခွင့်ရှိပါသည်။ အမောင်းသင်လိုင်စင်ပြုလုပ်ရန်မလိုအပ်ပါ။ ယာဉ်မောင်းလိုင်စင်ကူးပြောင်းသည့်အခါ “က”လိုင်စင်မူရင်းကို က.ည.န သို့ ပြန်လည်အပ်နှံရမည်။

“က-၁”မော်တော်ဆိုင်ကယ်လိုင်စင်အသစ်ပြုလုပ်လိုပါက တာဝန်ယူဆောင်ရွက်ပေးပါသည်။

(ရှေ့မျက်နှာ)

(ကျောဘက်)

လိုင်စင်အမျိုးအစား – “က-၁” လိုင်စင်

လိုင်စင်သက်တမ်း – ၂ နှစ်

လိုင်စင်ကဒ်အမျိုးအစား – ပလပ်စတစ်လောင်းထားသောစက္ကူကဒ်

အသုံးပြုဘာသာစကား – မြန်မာဘာသာ

မောင်းနှင်ခွင့်ပြုသည့်ယာဉ်အမျိုးအစား – စက်စွမ်းအား ၁၁၀စီစီနှင့်အောက် မော်တော်ဆိုင်ကယ်မောင်းနှင်ရန်။

လိုင်စင်ထုတ်ပေးသည့်ဌာန – ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန

“က”လိုင်စင်လျှောက်ထားရာတွင် လိုအပ်ချက်များ

  • အသက်(၁၆)နှစ် ပြည့်ပြီးဖြစ်ရမည်။
  • မှတ်ပုံတင်မူရင်းတင်ပြရမည်။
  • မှတ်ပုံတင်မိတ္ထူ(၃)စောင် ပေးအပ်ရမည်။
  • လိုင်စင်ဓာတ်ပုံ(အပြာခံ)(၆)ပုံ ပေးအပ်ရမည်။
  • မိမိနေထိုင်ရာနေရပ်လိုင်စင်အပြည့်အစုံ ဖော်ပြရမည်။

ယာဉ်မောင်းလိုင်စင်ကုန်ကျငွေ – လိုင်စင်အခွန်အခပြောင်းလဲမှုရှိတတ်ပါသဖြင့် ဖော်ပြထားခြင်းမရှိပါ။
ယာဉ်မောင်းလိုင်စင်ကူးပြောင်းခွင့် – က.ည.နရုံး၌ “ခ”ယာဉ်မောင်းလိုင်စင်ကူးပြောင်းရာတွင် အသက်(၁၈)နှစ်ပြည့်ပြီးမှ လိုင်စင်ဖြေဆိုခွင့်ရှိပါသည်။ အမောင်းသင်လိုင်စင်ပြုလုပ်ရန်မလိုအပ်ပါ။ ယာဉ်မောင်းလိုင်စင်ကူးပြောင်းသည့်အခါ “က-၁”လိုင်စင်မူရင်းကို က.ည.န သို့ ပြန်လည်အပ်နှံရမည်။

လုပ်ငန်းလက်ခံချိန် (ဖုန်းလက်ခံချိန်) – နံနက် (၈း၃၀)နာရီ မှ ညနေ (၅း၃၀)နာရီအတွင်း
ဆက်သွယ်ရန်ဖုန်းနံပါတ် – ၀၉-၄၂၀၀၀၅၅၀၀၊ ၀၉-၄၄၄၀၂၈၈၈၂

သင်တန်းကျောင်းပိတ်ရက် – အခါကြီး၊ ရက်ကြီး၊ ဘာသာရေးနေ့ထူးနေ့မြတ်များ ပိတ်ပါသည်။