“သ”လိုင်စင် အမောင်းသင်လိုင်စင်

အမောင်းသင်လိုင်စင်အသစ်ပြုလုပ်လိုပါက တာဝန်ယူဆောင်ရွက်ပေးပါသည်။

(ရှေ့မျက်နှာ)

(ကျောဘက်)

လိုင်စင်အမျိုးအစား – “သ” လိုင်စင်

လိုင်စင်သက်တမ်း – ၁ နှစ်

လိုင်စင်ကဒ်အမျိုးအစား – ပလပ်စတစ်လောင်းထားသောစက္ကူကဒ်

အသုံးပြုဘာသာစကား – မြန်မာဘာသာ

မောင်းနှင်ခွင့်ပြုသည့်ယာဉ်အမျိုးအစား – ယာဉ်မောင်းသင်ရန်အတွက်သာ

စည်းကမ်းသတ်မှတ်ချက်များ – သင်လိုင်စင်၏ ကျောဘက်စာမျက်နှာတွင်ပါရှိသော စည်းကမ်းချက်(၅)ချက်အတိုင်း ဖြစ်ပါသည်။

လိုင်စင်ထုတ်ပေးသည့်ဌာန – ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန

သင်လိုင်စင်လျှောက်ထားရာတွင် လိုအပ်ချက်များ

  • အသက်(၁၆)နှစ်ပြည့်ပြီးဖြစ်ရမည်။
  • မှတ်ပုံတင်မူရင်းတင်ပြရမည်။
  • မှတ်ပုံတင်မိတ္ထူ(၃)စောင် ပေးအပ်ရမည်။
  • လိုင်စင်ဓာတ်ပုံ(အပြာခံ)(၃)ပုံ ပေးအပ်ရမည်။
  • မိမိနေထိုင်ရာနေရပ်လိုင်စင်အပြည့်အစုံ ဖော်ပြရမည်။

သတိပြုရန် – “က” လိုင်စင်ရှိပြီးဖြစ်ပါက လျှောက်ထားရန်မလိုအပ်ပါ။

ယာဉ်မောင်းလိုင်စင်ကုန်ကျငွေ – လိုင်စင်အခွန်အခပြောင်းလဲမှုရှိတတ်ပါသဖြင့် ဖော်ပြထားခြင်းမရှိပါ။
ယာဉ်မောင်းလိုင်စင်ကူးပြောင်းခွင့် – အသက်(၁၈)နှစ်ပြည့်ပြီးလျှင် “ခ”ကိုယ်ပိုင်ယာဉ်မောင်းလိုင်စင် ကူးပြောင်းခွင့်ရှိသည်။ ယာဉ်မောင်းလိုင်စင်ကူးပြောင်းသည့်အခါ အမောင်းသင်လိုင်စင်မူရင်းကို က.ည.နရုံးသို့ ပြန်လည်အပ်နှံရပါမည်။

လုပ်ငန်းလက်ခံချိန် (ဖုန်းလက်ခံချိန်) – နံနက် (၈း၃၀)နာရီ မှ ညနေ (၅း၃၀)နာရီအတွင်း
ဆက်သွယ်ရန်ဖုန်းနံပါတ် – ၀၉-၄၂၀၀၀၅၅၀၀၊ ၀၉-၄၄၄၀၂၈၈၈၂

သင်တန်းကျောင်းပိတ်ရက် – အခါကြီး၊ ရက်ကြီး၊ ဘာသာရေးနေ့ထူးနေ့မြတ်များ ပိတ်ပါသည်။