ကွန်ပျူတာလုပ်ဆောင်ရေးမှူး ရာထူး

“ကွန်ပျူတာလုပ်ဆောင်ရေးမှူး” ရာထူးလျှောက်ထားလိုသူများအတွက် လိုအပ်ချက်

သတ်မှတ်အရည်အချင်းများ

၁။ အမျိုးသား/အမျိုးသမီးလျှောက်ထားနိုင်သည်။ အိမ်ထောင်မရှိသူဖြစ်ရမည်။
၂။ အသက်(၂၁)နှစ်မှ (၃၀)နှစ်အတွင်းဖြစ်ရမည်။
၃။ ကွန်ပျူတာတက္ကသိုလ် ဘွဲ့ရပြီးသူ (သို့မဟုတ်) ကွန်ပျူတာကို ကျွမ်းကျင်စွာအသုံးပြုတတ်သူ ဖြစ်ရမည်။
၄။ “က” ဆိုင်ကယ်မောင်းလိုင်စင်ရှိပြီးသူဖြစ်ရမည်။
၅။ ကွန်ပျူတာစာစီစာရိုက်/ ဒီဇိုင်းရေးဆွဲလုပ်ငန်းများတွင် အတွေ့အကြုံ(၃)နှစ်ရှိသူဖြစ်ရမည်။
၆။ ပြစ်မှုဆိုင်ရာ ကင်းရှင်းသူဖြစ်ရမည်။
၇။ မန္တလေးမြို့တွင်းနေထိုင်သူ (သို့မဟုတ်) မိမိအစီအစဉ်ဖြင့် မန္တလေးမြို့တွင် နေထိုင်နိုင်သူဖြစ်ရမည်။
၈။ ရုပ်ရည်ပြေပြစ်မှုရှိပြီး ဆက်ဆံရေးကောင်းမွန်သူဖြစ်ရမည်။

လျှောက်လွှာနှင့်အတူ ပူးတွဲတင်ပြရမည့် ကိုယ်ရေးအချက်အလက်များ

၁။ မှတ်ပုံတင်မူရင်းနှင့် မိတ္ထူ(၁)စောင်
၂။ အိမ်ထောင်စုမိတ္ထူ(၁)စောင်
၃။ ယာဉ်မောင်းလိုင်စင်မူရင်းနှင့် မိတ္ထူ(၁)စောင်
၄။ နေထိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၏ အမှန်တကယ်နေထိုင်ကြောင်း ထောက်ခံချက်မူရင်း
၅။ နေထိုင်ရာနယ်မြေရဲတပ်ဖွဲ့၏ ပြစ်မှုဆိုင်ရာကင်းရှင်းကြောင်း ထောက်ခံချက်မူရင်း
၆။ အလုပ်သမားလေဘာကဒ်မူရင်းနှင့် မိတ္ထူ(၁)စောင်
၇။ (၁)လအတွင်း ရိုက်ကူးထားသော (၁)လက်မခွဲပတ်လည်ဆိုဒ် အပြာခံဓာတ်ပုံ(၂)ပုံ
၈။ ဘွဲ့လက်မှတ်မူရင်း/ ကွန်ပျူတာသင်တန်းဆင်းလက်မှတ်မူရင်းနှင့် မိတ္ထူ(၁)စောင်
၉။ နောက်ဆုံးလုပ်ကိုင်ခဲ့သော လုပ်ငန်းနှင့် ပတ်သတ်သည့်အထောက်အထားများမူရင်းနှင့်
မိတ္ထူ(၁)စုံ

ဦးစားပေးအဆင့်

၁။ ကွန်ပျူတာဘွဲ့ရပြီးသူ (သို့မဟုတ်) စာစီစာရိုက်ခြင်း၊ ဒီဇိုင်းရေးဆွဲခြင်းကို ကျွမ်းကျင်စွာလက်တွေ့သရုပ်ပြနိုင်သူ။
၂။ ယခင်လုပ်ခဲ့ဖူးသော မှတ်တမ်းများအရ လုပ်ရည်ကိုင်ရည်ရှိပြီး အလားအလာရှိနိုင်သူ။
၃။ ရရှိမည့် အခြေခံလုပ်ခလစာဖြင့် အလုပ်လုပ်နိုင်သူ။
၄။ အလုပ်ချိန်နှင့် လုပ်ငန်းခွင်စည်းကမ်းများကို ကျေနပ်အားရပြီး ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်နိုင်သူ။
၅။ လုပ်ငန်းလိုအပ်ချက်အရ တာဝန်ကျရာနေရာဌာနသို့ တာဝန်ထမ်းဆောင်နိုင်သူ။

မှတ်ချက်။ ။ လုပ်ငန်းလိုအပ်ချက်ရှိလျှင် ခန့်ထားနိုင်ရန်အတွက် လျှောက်လွှာတင်ထားနိုင်ပါသည်။