ယာဉ်စက်ပြင်ဆရာ ရာထူး

“ယာဉ်စက်ပြင်ဆရာ” ရာထူးလျှောက်ထားလိုသူများအတွက် လိုအပ်ချက်

သတ်မှတ်အရည်အချင်းများ

၁။ အမျိုးသားများသာ လျှောက်ထားနိုင်သည်။
၂။ အသက်(၂၅)နှစ်မှ (၅၀)နှစ်အတွင်းဖြစ်ရမည်။
၃။ ယာဉ်စက်ပြင်အလုပ်ရုံများတွင် စက်ပြင်အတွေ့အကြုံ(၅)နှစ်အထက်ရှိသူ ဖြစ်ရမည်။ ယာဉ်၏စက်ပိုင်းအောက်ပိုင်း၊ လျှပ်စစ်ပိုင်းများကို ကျွမ်းကျင်စွာပြုပြင်နိုင်သူဖြစ်ရမည်။
၄။ “ခ” ကိုယ်ပိုင်ယာဉ်မောင်းလိုင်စင်ရှိပြီးသူဖြစ်ရမည်။
၅။ ပြစ်မှုဆိုင်ရာကင်းရှင်းသူဖြစ်ရမည်။
၆။ မန္တလေးမြို့တွင်းနေထိုင်သူ (သို့မဟုတ်) မိမိအစီအစဉ်ဖြင့် မန္တလေးမြို့တွင် နေထိုင်နိုင်သူဖြစ်ရမည်။

လျှောက်လွှာနှင့်အတူ ပူးတွဲတင်ပြရမည့် ကိုယ်ရေးအချက်အလက်များ

၁။ မှတ်ပုံတင်မူရင်းနှင့် မိတ္ထူ(၁)စောင်
၂။ အိမ်ထောင်စုမိတ္ထူ(၁)စောင်
၃။ ယာဉ်မောင်းလိုင်စင်မူရင်းနှင့် မိတ္ထူ(၁)စောင်
၄။ နေထိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၏ အမှန်တကယ်နေထိုင်ကြောင်း ထောက်ခံချက်မူရင်း
၅။ နေထိုင်ရာနယ်မြေရဲတပ်ဖွဲ့၏ ပြစ်မှုဆိုင်ရာကင်းရှင်းကြောင်း ထောက်ခံချက်မူရင်း
၆။ အလုပ်သမားလေဘာကဒ်မူရင်းနှင့် မိတ္ထူ(၁)စောင်
၇။ (၁)လအတွင်း ရိုက်ကူးထားသော (၁)လက်မခွဲပတ်လည်ဆိုဒ် အပြာခံဓာတ်ပုံ(၂)ပုံ
၈။ အစိုးရ၊ ပုဂ္ဂလိကတို့မှ ယာဉ်စက်ပြင်သင်တန်းဆင်းလက်မှတ်ရှိပါက ပူးတွဲတင်ပြနိုင်ပါသည်။
၉။ နောက်ဆုံးလုပ်ကိုင်ခဲ့သော လုပ်ငန်းနှင့်ပတ်သက်သည့် အထောက်အထားများ မူရင်းနှင့် မိတ္ထူ(၁)စုံ

ဦးစားပေးအဆင့်

၁။ ယာဉ်စက်ပြင်အလုပ်ရုံများတွင် လုပ်သက်(၅)နှစ်အထက်ရှိပြီး လက်ထောက်စက်ပြင်ဆရာအဆင့်ရှိသူ။
၂။ ယခင်လုပ်ခဲ့ဖူးသော မှတ်တမ်းများအရ လုပ်ရည်ကိုင်ရည်ရှိပြီး အလားအလာရှိနိုင်သူ။
၃။ ရရှိမည့် အခြေခံလုပ်ခလစာဖြင့် အလုပ်လုပ်နိုင်သူ။
၄။ အလုပ်ချိန်နှင့် လုပ်ငန်းခွင်စည်းကမ်းများကို ကျေနပ်အားရပြီး ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်နိုင်သူ။
၅။ အလုပ်ချိန်နံနက်(၇:၀၀)နာရီမှ ညနေ(၇:၀၀)နာရီအထိ အလုပ်လုပ်နိုင်သူဖြစ်ရမည်။ (သို့မဟုတ်) လုပ်ငန်းလိုအပ်ချက်အရ နေ့/ ည အချိန်မရွေးလုပ်ကိုင်နိုင်သူဖြစ်ရမည်။
၆။ လုပ်ငန်းလိုအပ်ချက်အရ တာဝန်ကျရာနေရာဌာနသို့ တာဝန်ထမ်းဆောင်နိုင်သူ။

မှတ်ချက်။ ။ လုပ်ငန်းလိုအပ်ချက်ရှိလျှင် ခန့်ထားနိုင်ရန်အတွက် လျှောက်လွှာတင်ထားနိုင်ပါသည်။