ယာဉ်မောင်းနည်းပြဆရာ ရာထူး

“ယာဉ်မောင်းနည်းပြဆရာ” ရာထူးလျှောက်ထားလိုသူများအတွက် လိုအပ်ချက်

သတ်မှတ်အရည်အချင်းများ

၁။ အမျိုးသားသာ လျှောက်ထားနိုင်သည်။
၂။ အသက်(၂၅)နှစ်မှ (၄၅)နှစ်အတွင်းဖြစ်ရမည်။
၃။ အခြေခံပညာ(၁၀)တန်းအဆင့်ရှိရမည်။
၄။ သက်တမ်း(၃)နှစ်ပြည့်ပြီးသော “င” ယာဉ်မောင်းလိုင်စင်ရှိပြီးသူဖြစ်ရမည်။
၅။ ယာဉ်မောင်းသင်ကြားပေးခြင်းလုပ်ငန်းအတွေ့အကြုံရှိရမည်။ ယာဉ်ကြီး/ ယာဉ်ငယ်အတွေ့အကြုံရှိပြီး သင်ကြားပြသပေးနိုင်သူဖြစ်ရမည်။
၆။ ပြစ်မှုဆိုင်ရာကင်းရှင်းသူဖြစ်ရမည်။ ဆက်ဆံရေး အထူးကောင်းမွန်သူဖြစ်ရမည်။
၇။ မန္တလေးမြို့တွင်းနေထိုင်သူ (သို့မဟုတ်) မိမိအစီအစဉ်ဖြင့် မန္တလေးမြို့တွင် နေထိုင်နိုင်သူဖြစ်ရမည်။
၈။ ကွမ်းစားခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အရက်၊ သေရည် မှီဝဲသုံးစွဲခြင်းမရှိသူ ဖြစ်ရမည်။
၉။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း(မိတ္ထီလာ)နှင့် က.ည.နတို့မှ ထုတ်ပေးသော မော်တော်ယာဉ်မောင်း နည်းပြအသိအမှတ်ပြုလက်မှတ် ရရှိပြီးသူဖြစ်ရမည်။ (နည်းပြအသိအမှတ်ပြုလက်မှတ် မရှိသေးသော်လည်း ဆွေးနွေးတင်ပြနိုင်သည်)

လျှောက်လွှာနှင့်အတူ ပူးတွဲတင်ပြရမည့် ကိုယ်ရေးအချက်အလက်များ

၁။ မှတ်ပုံတင်မူရင်းနှင့် မိတ္ထူ(၁)စောင်
၂။ အိမ်ထောင်စုမိတ္ထူ(၁)စောင်
၃။ ယာဉ်မောင်းလိုင်စင်မူရင်းနှင့် မိတ္ထူ(၁)စောင်
၄။ နေထိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၏ အမှန်တကယ်နေထိုင်ကြောင်း ထောက်ခံချက်မူရင်း
၅။ နေထိုင်ရာနယ်မြေရဲတပ်ဖွဲ့၏ ပြစ်မှုဆိုင်ရာကင်းရှင်းကြောင်း ထောက်ခံချက်မူရင်း
၆။ အလုပ်သမားလေဘာကဒ်မူရင်းနှင့် မိတ္ထူ(၁)စောင်
၇။ (၁)လအတွင်း ရိုက်ကူးထားသော (၁)လက်မခွဲပတ်လည်ဆိုဒ် အပြာခံဓာတ်ပုံ(၂)ပုံ
၈။ မြို့နယ်ပညာရေးမှူးရုံး၏ အတန်းပညာအရည်အချင်း ထောက်ခံချက်မူရင်းနှင့် မိတ္ထူ(၁)စောင်
၉။ နောက်ဆုံးလုပ်ကိုင်ခဲ့သော လုပ်ငန်းနှင့် ပတ်သတ်သည့်အထောက်အထားများမူရင်းနှင့်
မိတ္ထူ(၁)စုံ

ဦးစားပေးအဆင့်

၁။ အစိုးရ (သို့မဟုတ်) ပုဂ္ဂလိကယာဉ်မောင်းသင်တန်းကျောင်းများတွင် နည်းပြအတွေ့အကြုံရှိသူ (သို့မဟုတ်) ယာဉ်မောင်းကျွမ်းကျွမ်းကျင်ကျင် သင်ကြားပေးနိုင်သူ။
၂။ နည်းပြအသိအမှတ်ပြုလက်မှတ်ရရှိပြီးသူ (သို့မဟုတ်) ယာဉ်ကြီး/ ယာဉ်ငယ်နှစ်မျိုးစလုံး ကျွမ်းကျင်စွာမောင်းပြနိုင်သူ။
၃။ ယခင်လုပ်ခဲ့ဖူးသော မှတ်တမ်းများအရ လုပ်ရည်ကိုင်ရည်ရှိပြီး အလားအလာရှိနိုင်သူ။
၄။ ရရှိမည့် အခြေခံလုပ်ခလစာဖြင့် အလုပ်လုပ်နိုင်သူ။
၅။ အလုပ်ချိန်နှင့် လုပ်ငန်းခွင်စည်းကမ်းများကို ကျေနပ်အားရပြီး ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်နိုင်သူ။
၆။ လုပ်ငန်းလိုအပ်ချက်အရ တာဝန်ကျရာနေရာဌာနသို့ တာဝန်ထမ်းဆောင်နိုင်သူ။

မှတ်ချက်။ ။ လုပ်ငန်းလိုအပ်ချက်ရှိလျှင် ခန့်ထားနိုင်ရန်အတွက် လျှောက်လွှာတင်ထားနိုင်ပါသည်။