အစောင့် ရာထူး

“နေ့/ည အစောင့်” ရာထူးလျှောက်ထားလိုသူများအတွက် လိုအပ်ချက်

သတ်မှတ်အရည်အချင်းများ

၁။ အမျိုးသားများသာ လျှောက်ထားနိုင်သည်။
၂။ အသက်(၁၈)နှစ်မှ (၄၅)နှစ်အတွင်းဖြစ်ရမည်။
၃။ အခြေခံပညာအထက်တန်းအဆင့်ရှိရမည်။
၄။ “က”ဆိုင်ကယ်မောင်းလိုင်စင်ရှိပြီးသူဖြစ်ရမည်။
၅။ ပြစ်မှုဆိုင်ရာကင်းရှင်းသူဖြစ်ရမည်။
၆။ မန္တလေးမြို့တွင်းနေထိုင်သူ (သို့မဟုတ်) မိမိအစီအစဉ်ဖြင့် မန္တလေးမြို့တွင် နေထိုင်နိုင်သူဖြစ်ရမည်။
၇။ လုပ်ငန်းတစ်ခုခုတွင် လုံခြုံရေးတာဝန်လုပ်ကိုင်ဖူးသူဖြစ်ရမည်။

လျှောက်လွှာနှင့်အတူ ပူးတွဲတင်ပြရမည့် ကိုယ်ရေးအချက်အလက်များ

၁။ မှတ်ပုံတင်မူရင်းနှင့် မိတ္ထူ(၁)စောင်
၂။ အိမ်ထောင်စုမိတ္ထူ(၁)စောင်
၃။ ယာဉ်မောင်းလိုင်စင်မူရင်းနှင့် မိတ္ထူ(၁)စောင်
၄။ နေထိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၏ အမှန်တကယ်နေထိုင်ကြောင်း ထောက်ခံချက်မူရင်း
၅။ နေထိုင်ရာနယ်မြေရဲတပ်ဖွဲ့၏ ပြစ်မှုဆိုင်ရာကင်းရှင်းကြောင်း ထောက်ခံချက်မူရင်း
၆။ အလုပ်သမားလေဘာကဒ်မူရင်းနှင့် မိတ္ထူ(၁)စောင်
၇။ (၁)လအတွင်း ရိုက်ကူးထားသော (၁)လက်မခွဲပတ်လည်ဆိုဒ် အပြာခံဓာတ်ပုံ(၂)ပုံ
၉။ နောက်ဆုံးလုပ်ကိုင်ခဲ့သော လုပ်ငန်းနှင့် ပတ်သတ်သည့်အထောက်အထားများမူရင်းနှင့်
မိတ္ထူ(၁)စုံ

ဦးစားပေးအဆင့်

၁။ ဘဏ်လုပ်ငန်းများ၊ စက်ရုံ/အလုပ်ရုံများ၊ ရွှေဆိုင်များ၌ လုံခြုံရေးဝန်ထမ်းအတွေ့အကြုံရှိသူ။
၂။ ယခင်လုပ်ခဲ့ဖူးသော မှတ်တမ်းများအရ လုပ်ရည်ကိုင်ရည်ရှိပြီး အလားအလာရှိနိုင်သူ။
၃။ ရရှိမည့် အခြေခံလုပ်ခလစာဖြင့် အလုပ်လုပ်နိုင်သူ။
၄။ အလုပ်ချိန်နှင့် လုပ်ငန်းခွင်စည်းကမ်းများကို ကျေနပ်အားရပြီး ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်နိုင်သူ။
၅။ လုပ်ငန်းလိုအပ်ချက်အရ တာဝန်ကျရာနေရာဌာနသို့ တာဝန်ထမ်းဆောင်နိုင်သူ။

မှတ်ချက်။ ။ လုပ်ငန်းလိုအပ်ချက်ရှိလျှင် ခန့်ထားနိုင်ရန်အတွက် လျှောက်လွှာတင်ထားနိုင်ပါသည်။