“င” အဌားယာဉ်မောင်းလိုင်စင်အသစ် ပြုလုပ်လိုပါက တာဝန်ယူဆောင်ရွက်ပေးပါသည်။
(ရှေ့မျက်နှာ)
(ကျောဘက်)
လိုင်စင်အမျိုးအစား – “င”လိုင်စင်
လိုင်စင်သက်တမ်း – ၃-နှစ်
လိုင်စင်ကဒ်အမျိုးအစား – Smart Card
အသုံးပြုဘာသာစကား – မြန်မာ/အင်္ဂလိပ်
မောင်းနှင်ခွင့်ပြုသည့်ယာဉ်အမျိုးအစား – မှတ်ပုံတင်ထားသောယာဉ်အားလုံး
လိုင်စင်ထုတ်ပေးသည့်ဌာန – ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန
“င”လိုင်စင်လျှောက်ထားရာတွင် လိုအပ်ချက်များ
- အသက်(၂၃)နှစ်ပြည့်ပြီးဖြစ်ရမည်။
- “ခ”လိုင်စင်ရှိပြီး သက်တမ်း(၅)နှစ်ပြည့်ပြီး (သို့မဟုတ်) “ဃ”လိုင်စင်သက်တမ်း(၂)နှစ်ပြည့်ပြီး ဖြစ်ရမည်။
- မှတ်ပုံတင်မူရင်းတင်ပြရမည်။
- မှတ်ပုံတင်မိတ္ထူ(၃)စောင် ပေးအပ်ရမည်။
- လိုင်စင်ဓာတ်ပုံ(အပြာခံ)(၆)ပုံ ပေးအပ်ရမည်။
- မိမိနေထိုင်ရာနေရပ်လိုင်စင်အပြည့်အစုံ ဖော်ပြရမည်။
ယာဉ်မောင်းလိုင်စင်ကုန်ကျငွေ – လိုင်စင်အခွန်အခပြောင်းလဲမှုရှိတတ်ပါသဖြင့် ဖော်ပြထားခြင်းမရှိပါ။
ယာဉ်မောင်းလိုင်စင်ကူးပြောင်းခွင့် – ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်မှ ထုတ်ပေးသော အမြင့်ဆုံးလိုင်စင်ဖြစ်၍ အခြားယာဉ်မောင်းလိုင်စင်များသို့ ကူးပြောင်းရန်မရှိတော့ပါ။
“ဃ၊င” ယာဉ်မောင်းလိုင်စင်ဖြေဆိုခြင်း
(စစ်ဆေးသည့်အကြောင်းအရာများ)
၁။ အမြင်အာရုံ စစ်ဆေးခြင်း။
၂။ ကိုယ်လက်အင်္ဂါသန်စွမ်းမှု စစ်ဆေးခြင်း။
၃။ စိတ်အခြေအနေစစ်ဆေးခြင်း။
၄။ ကိုယ်ရည်ကိုယ်သွေးစစ်ဆေးခြင်း။
၅။ အရက်သောက်တတ်မှုအခြေအနေ စစ်ဆေးခြင်း။
၆။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ရေးဖြေစစ်ဆေးခြင်း။
၇။ လက်တွေ့မောင်းနှင်မှု စစ်ဆေးခြင်း။
အထက်ပါစစ်ဆေးသည့်အကြောင်းအရာများကို အောင်မြင်သည်အထိ ဖြေဆိုရပါမည်။
“ခ၊ ဃ၊ င” ယာဉ်မောင်းလိုင်စင်ဖြေဆိုသူများအတွက် အမြင်အာရုံစစ်ဆေးခြင်း
Colour Blind Test
Snellen Chart
လုပ်ငန်းလက်ခံချိန် (ဖုန်းလက်ခံချိန်) – နံနက် (၈း၃၀)နာရီ မှ ညနေ (၅း၃၀)နာရီအတွင်း
ဆက်သွယ်ရန်ဖုန်းနံပါတ် – ၀၉-၄၂၀၀၀၅၅၀၀၊ ၀၉-၄၄၄၀၂၈၈၈၂
သင်တန်းကျောင်းပိတ်ရက် – အခါကြီး၊ ရက်ကြီး၊ ဘာသာရေးနေ့ထူးနေ့မြတ်များ ပိတ်ပါသည်။