“ခ” ကိုယ်ပိုင်ယာဉ်မောင်းလိုင်စင်

“ခ” ကိုယ်ပိုင်ယာဉ်မောင်းလိုင်စင်အသစ် ပြုလုပ်လိုပါက တာဝန်ယူဆောင်ရွက်ပေးပါသည်။

(ရှေ့မျက်နှာ)

(ကျောဘက်)

လိုင်စင်အမျိုးအစား – “ခ” လိုင်စင်

လိုင်စင်သက်တမ်း – ၅ နှစ်

လိုင်စင်ကဒ်အမျိုးအစား – Smart Card

အသုံးပြုဘာသာစကား – မြန်မာ/အင်္ဂလိပ်

မောင်းနှင်ခွင့်ပြုသည့်ယာဉ်အမျိုးအစား – ၃ တန်အထိတင်ဆောင်နိုင်သော ကိုယ်ပိုင်မော်တော်ယာဉ်နှင့် ကိုယ်ပိုင်ဘတ်စ်ကားငယ်များ

လိုင်စင်ထုတ်ပေးသည့်ဌာန – ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန

“ခ”လိုင်စင်လျှောက်ထားရာတွင် လိုအပ်ချက်များ

  • အသက်(၁၈)နှစ်ပြည့်ပြီးဖြစ်ရမည်။
  • သက်တမ်း(၃)လပြည့်ပြီး “သ”လိုင်စင် (သို့မဟုတ်) “က”လိုင်စင် ရှိပြီးဖြစ်ရမည်။
  • မှတ်ပုံတင်မူရင်းတင်ပြရမည်။
  • မှတ်ပုံတင်မိတ္ထူ(၃)စောင် ပေးအပ်ရမည်။
  • လိုင်စင်ဓာတ်ပုံ(အပြာခံ)(၆)ပုံ ပေးအပ်ရမည်။
  • မိမိနေထိုင်ရာနေရပ်လိုင်စင်အပြည့်အစုံ ဖော်ပြရမည်။

ယာဉ်မောင်းလိုင်စင်ကုန်ကျငွေ – လိုင်စင်အခွန်အခပြောင်းလဲမှုရှိတတ်ပါသဖြင့် ဖော်ပြထားခြင်းမရှိပါ။
ယာဉ်မောင်းလိုင်စင်ကူးပြောင်းခွင့် – “ခ”လိုင်စင်ထုတ်ပေးသည့်နေ့မှ သက်တမ်း(၃)နှစ်ပြည့်ပြီးလျှင် “ဃ”ယာဉ်မောင်းလိုင်စင်သို့လည်းကောင်း၊ သက်တမ်း(၅)နှစ်ပြည့်ပြီးလျှင် “င”ယာဉ်မောင်းလိုင်စင်သို့လည်းကောင်း က.ည.နရုံး၌ ကူးပြောင်းဖြေဆိုခွင့်ရှိပါသည်။ ယာဉ်မောင်းလိုင်စင်ကူးပြောင်းသည့်အခါ “ခ”လိုင်စင်မူရင်းကို က.ည.နသို့ ပြန်လည်အပ်နှံရမည်။

“ခ” ယာဉ်မောင်းလိုင်စင်ဖြေဆိုခြင်း
(စစ်ဆေးသည့်အကြောင်းအရာများ)

၁။ အမြင်အာရုံ စစ်ဆေးခြင်း။

၂။ ကိုယ်လက်အင်္ဂါသန်စွမ်းမှု စစ်ဆေးခြင်း။

၃။ စိတ်အခြေအနေစစ်ဆေးခြင်း။

၄။ ကိုယ်ရည်ကိုယ်သွေးစစ်ဆေးခြင်း။

၅။ အရက်သောက်တတ်မှုအခြေအနေ စစ်ဆေးခြင်း။

၆။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ရေးဖြေစစ်ဆေးခြင်း။

၇။ လက်တွေ့မောင်းနှင်မှု စစ်ဆေးခြင်း။

အထက်ပါစစ်ဆေးသည့်အကြောင်းအရာများကို အောင်မြင်သည်အထိ ဖြေဆိုရပါမည်။

“ခ၊ ဃ၊ င” ယာဉ်မောင်းလိုင်စင်ဖြေဆိုသူများအတွက် အမြင်အာရုံစစ်ဆေးခြင်း

Colour Blind Test

အမြင်၊ အရောင် ခွဲခြားစစ်ဆေးသည့် ရုပ်ပုံကားချပ် (သို့မဟုတ်) အနီ၊ အစိမ်း၊ အဝါ ပါရှိသော LED မီးလုံးများဖြင့် စစ်ဆေးခြင်း၊ Colour Blind ဖြစ်သူများကို ဆက်လက်စစ်ဆေးခြင်း မရှိပါ။

Snellen Chart

Snellen Chart

(၁ ၊ ပ ၊ င ၊ ဂ) မျက်စိစစ်ဆေးခံရန် သတ်မှတ်ထားသောနေရာမှ မျက်စိတစ်ဖက်ချင်းစီမှိတ်၍ ဖြေဆိုရမည်။

လုပ်ငန်းလက်ခံချိန် (ဖုန်းလက်ခံချိန်) – နံနက် (၈း၃၀)နာရီ မှ ညနေ (၅း၃၀)နာရီအတွင်း
ဆက်သွယ်ရန်ဖုန်းနံပါတ် – ၀၉-၄၂၀၀၀၅၅၀၀၊ ၀၉-၄၄၄၀၂၈၈၈၂

သင်တန်းကျောင်းပိတ်ရက် – အခါကြီး၊ ရက်ကြီး၊ ဘာသာရေးနေ့ထူးနေ့မြတ်များ ပိတ်ပါသည်။